Sunday, October 8, 2017

Xiaomi Phone များ Live Chat ပြုလုပ်ပြီး Mi Account Lock Official ဖြည်နည်း ( Part 1 )

ပထမဦးဆုံး မိမိရဲ့ ဖုန်းမှာ Mi Account Lock ကျနေရင် ဖုန်းကို ပါဝါ စစဖွင့်လိုက်တာနဲ့ ဒီလိုပုံစံလေးတွေ ဖြစ်နေပါလိမ့်မည်။ ဒါဆိုရင် Mi Account Lock ကျတယ်လို့ ဆိုလိုပါသည်။ ဒါဆိုရင် Mi Account Lock ဖြည်ပေးရပါမည်။

ဒီနေရာမှာ အရေးကြီးတာက မိမိဖုန်းထဲက Info တွေ အကုန်နီးပါးလောက် ယူထားရပါမည်။
1 . မိမိဖုန်းရဲ့ မော်ဒယ်နံပတ်
2. မိမိဖုန်းရဲ့ Memory GB ဘယ်လောက်ပါသလဲ။
3. မိမိဖုန်းရဲ့ ကာလာအရောင်
4. မိမိဖုန်းရဲ့ IMEI No
5. Xiaomi Charger တစ်ခုခု
6. Xiaomi Account ကျနေတဲ့ နေရာမှာ Unlock Code Number လိုပါသည်။
ဒါလေးတွေ သိထားရပါမည်။
နံပတ် ၁ ၊ ၂ ၊ ၃ ကိုတော့ မိမိကိုယ်တိုင် သိထားရပါမည်။ မသိရင် customer ကို မေးပါ။

နံပတ် ၄ ကို မသိပါက နောက်အဖုံးကို ခွာလိုက်ပါ။ နောက်ဖုံးရဲ့ သံပြားပေါ်မှာ IMEI No ရေးထားပါသည်။
မြှားလေးနဲ့ ၀ိုင်းပြထားတဲ့ နေရာကို ကြည့်လိုက်ပါ။

နံပတ် ၅ ကတော့ Xiaomi Charger တစ်ခုခုကို ဓါတ်ပုံရိုက်ထားပေးပါ။ သူမေးရင် ဖြေပေးလို့ ရအောင်လို့ပါ။

နံပတ် ၆ အတွက် Unlock Code Number မပေါ်ပါက ဒီလိုလေး လုပ်ပေးလိုက်ပါ။ ပေါ်လာပါလိမ့်မည်။
သော့ပုံစံလေးကို ၁၀ချက်လောက် နှိပ်ပေးလိုက်ပါ။
 

 ဒါဆိုရင် အောက်မှာ ပေါ်လာပါလိမ့်မည်။ အဲ့ဒီ ပေါ်နေတဲ့ ပုံစံလေးကို ဓါတ်ပုံရိုက်ပြီး ယူထားပေးပါ။


နံပတ် ၄ IMEI No ကို တစ်ခါတစ်လေမှာ သံပြားပေါ်မှာ မရှိရင် Bypass Persist နဲ့ ကျော်ပြီး အဲထဲထဲကို ၀င်ကြည့်ပေးရပါသည်။ ဒါဆိုရင် နံပတ် ၁ ၊ ၂ ၊ ၃ ၊ ၄ ကို အစဉ်လိုက် သိရမည် ဖြစ်ပါသည်။

Bypass Persist မသုံးခင်တော့ နံပတ် ၆ Unlock code number ကို ကြိုတင်ယူထားပါ။ ပြီးတော့မှ Bypass Persist ကို အသုံးပြုပေးပါ။


ဒါဆိုရင် Part 1 ကို နားလည်မည် ထင်ပါသည်။ မကြာမှီ Part 2 လာပါမည်။

11 comments: