Sunday, October 8, 2017

Xiaomi Phone များ Live Chat ပြုလုပ်ပြီး Mi Account Lock Official ဖြည်နည်း ( Part 2 )

ပထမဦးဆုံး Mi Account ကျနေတဲ့ ဖုန်းထဲက Model , Internal Memory , IMEI , Colour , 
customer service unlock number စတာတွေ လိုအပ်ပါသည်။ ဒါတွေက ဘာလို လို့အပ်လဲ ဆိုရင်တော့ သူ့ဘက်က မေးရင် ဖြေနိုင်အောင်လို့ပါ။ အဓိက အရေးကြီးတာကတော့ customer service unlock number ပါဘဲ။ ဒါလေး ရှိမှဘဲ မိမိရဲ့ဖုန်းက official Mi Account Lock ပြုတ်မှာ ဖြစ်ပါသည်။

အပေါ်က အချက်တွေ အကုန်လုံးကိုတော့ Part 1 မှာ ဖော်ပြပြီးသွားပါပြီ။ ဆက်ကြည့်ပါမည်။

ဒါပေမဲ့ တစ်ခုသတိထားရမှာက Live Chart နဲ့ စကားပြောတဲ့ အခါမှာ customer အနေနဲ့သာ စကားပြောပေးပါ။ ပြီးရင် သူ့မေးတာဘဲ ဖြေပေးယုံပါဘဲ။ လောလောဆယ် အချိန်အထိတော့ Live Chart က အသုံးပြုလို့ ရပါသေးသည်။
 

ပထမဦးဆုံး မိမိရဲ့ဖုန်းထဲမှာ Chrome Browser ရှိရပါမည်။ ပြီးရင် Chrome Browser ကို ဖွင့်လိုက်ပါ။ ပြီးရင် Browser မှာ
www.mi.com/en/support/contact/ ရိုက်လိုက်ပါ။
ပြီးရင် Hong Kong အောက်က Online Chart ကို နှိပ်လိုက်ပါ။ ပြီးရင် နားကြပ် ပုံစံလေးကို နှိပ်လိုက်ပါ။


   
ပြီးရင် mi account ၀င်ခိုင်းရင် မိမိရဲ့ mi account ၀င်ပေးလိုက်ပါ။ facebook နဲ့လည်း Sign in လုပ်လို့ ရပါသည်။ ပြီးရင်တော့ ဘေးနားက လူပုံစံလေး နဲ့ box တစ်ခု ပေါ်လာရင်တော့ Live Chat ပွင့်သွားပြီး အကူအညီ တောင်းလို့ ရပါပြီ။

 
ဒီနေရာမှာ တစ်ခု ပြောချင်တာက Mi Account Lock တစ်ခုဖြည်တိုင်း Sign in ၀င်တဲ့ အခါတိုင်း Mi Account တစ်ခုစီဘဲ အသုံးပြုပေးပါ။ ပြောရမယ်ဆိုရင် ဒီ အကောင့်တစ်ခုနဲ့ Account Lock တစ်လုံးဖြည်ပြီးရင် နောက် Account Lock တစ်ခုလာတိုင်း Mi Account တစ်ခု အသစ်ဖွင့်ပြီး Sign in ၀င်ပြီးမှ ထပ်လုပ်ပေးပါလို့ ပြောချင်တာပါ။

ဘာလို့ ဆိုသော် အကောင့်တစ်ခုထဲနဲ့ ခဏခဏ Lock ဖြည်နေရင် ကြာရင် ရိပ်မိသွားပါလိမ့်မည်။ ဒါဆိုရင် ပေးမဖြည်ဘဲ နေပါလိမ့်မည်။ ပြီးတော့ Live Chat ပြုလုပ်တဲ့ အချိန်မှာ အချိန်က အများဆုံး ၈မိနစ်ဘဲ အချိန်ရပါသည်။
ပြောရမယ်ဆိုရင် စကားတစ်ခွန်းပြောပြီးရင် နောက်တစ်ခွန်းပြောရန် ၈မိနစ်အချိန်ရတယ်လို့ ဆိုလိုတာပါ။ နောက်တစ်ခွန်းပြောဖို့ ၈မိနစ်ကျော်သွား၇င် အစကနေ ပြန်ပြောရလို့ပါ။ ဒါကြောင့်ပါခင်ဗျာ။


ပြီးရင်တော့ ကိုယ့်ဘက်က အရင် စပြောပါမယ်။ Hi Sir ပေါ့.. ပြီးရင် Mi Account Lock ကျနေတယ်ပေါ့.. သူ့ဘက်ကလည်း မေးမယ်။ အဓိကက သူ့မေးတာလေးတွေ ဖြေပေးယုံပါဘဲ။
IMEI တောင်းရင် IMEI ပို့ပေးပါ။ Send this code ( or ) unlock number တောင်းရင် မိမိ lock ကျနေတဲ့ အနေအထားမှာ unlock number ရှိတယ် အဲ့ဒါလေးကို ပို့ပေးပါ။ ပြီးတော့ ဓါတ်ပုံ တောင်းရင်လည်း ဓါတ်ပုံ ရိုက် ပို့ပေးပါ။

ပထမဦးဆုံး သူ့ဘက်က Hello လို့ စပြီဆိုတာနဲ့ ကိုယ့်ဘက်က Lock ကျနေတဲ့အကြောင်းလေး ပြောပေးပါ။
ဥပမာ My Phone is Lock ပေါ့။
ဟိုဘက်က Screen Shot ပုံစံ ပြခိုင်းရင် Part 1 က နံပတ် ၆ ပုံစံကို ပြပေးရပါမည်။ အဲ့ဒီမှာ တစ်ခု သတိထားရမှာက မိမိရဲ့ Screen Shot က အများဆုံး 3MB အထက် မကျော်ရပါဘူး။ ကျော်နေရင် Upload လုပ်မရပါဘူး။ ကျွန်တော်တုန်းက ဖုန်းနဲ့ ဓါတ်ပုံရိုက်တယ် ။ ပြီးတော့ အဲ့ဒီ ဓါတ်ပုံကို Screen Shot ပြန်ဖမ်းလိုက်တယ်။ ဒါဆိုရင် ဖိုင်ဆိုဒ်သေးသွားတော့ ပို့ရတာ အဆင်ပြေသွားတာပေါ့။ 


 

ပြီးရင် Box တွေ Charger တွေတောင်းရင် ရှိရင် ပို့ပေးလိုက်ပါ။ မရှိရင် No Box Loss လို့ ပြောပေးလိုက်ပါ။ ပြီးရင် သူ့ဘက်က IMEI , Model , GB တွေ တောင်းရင် ပို့ပေးလိုက်ပါ။ ဒီနေရာမှာ ဒီအချက်က သူ့ဘက်က တောင်းမှ ပို့ပေးလိုက်ပါ။ မတောင်းရင် ပို့စရာ မလိုပါဘူး။

ပြီးရင် အမည်၊ ဖုန်းနံပတ် ၊ Email တောင်းရင် တွေ့ကရာ လျှောက်ပို့လိုက်ပါ။ အဆင်ပြေပါတယ်။ မြန်မာနိုင်ငံက ပို့တာများရင် နိုင်ငံခြားနာမည် ၊ နိုင်ငံခြား ဖုန်းနံပတ် ၊ နိုင်ငံခြား Email တွေ ပို့ပေးလိုက်ပေါ့။ ဒါဆိုရင် မရိပ်မိတော့ဘူးပေါ့။

ကဲ သူ့ဘက်က OK , 2-3 working days restart phone လို့ ပြောလာရင်တော့ နောက် ၁နာရီလောက်ဆို Mi Account Lock ပြုတ်သွားပါပြီခင်ဗျာ။



မိမိရဲ့ဖုန်းထဲမှာ Mi Account Lock ရှိ မရှိကို ဒီလင့်ကနေ စစ်ဆေးလို့ ရပါသည်။
https://i.mi.com/find/device/activationlock#/?_k=kix2fm
Find phone is disabled လို့ ပြနေရင်တော့ မိမိရဲ့ဖုန်းမှာ Mi Account Lock ပြုတ်သွားပါပြီ။ မိမိဖုန်းကို Recovery Mode ၀င်ပြီး adb ကနေ adb format-data လုပ်ပေးလိုက်ပါ။ ပြီးရင် adb reboot ချပေးလိုက်ပါ။ ပြန်တက်လာရင် Mi Account Official Unlock ပြုတ်သွားပါပြီခင်ဗျာ။ 
 


အားလုံးဘဲကျေးဇူးတင်ပါသည်။
အောင်မင်းဟန်




Xiaomi Phone များ Live Chat ပြုလုပ်ပြီး Mi Account Lock Official ဖြည်နည်း ( Part 1 )

ပထမဦးဆုံး မိမိရဲ့ ဖုန်းမှာ Mi Account Lock ကျနေရင် ဖုန်းကို ပါဝါ စစဖွင့်လိုက်တာနဲ့ ဒီလိုပုံစံလေးတွေ ဖြစ်နေပါလိမ့်မည်။ ဒါဆိုရင် Mi Account Lock ကျတယ်လို့ ဆိုလိုပါသည်။ ဒါဆိုရင် Mi Account Lock ဖြည်ပေးရပါမည်။

ဒီနေရာမှာ အရေးကြီးတာက မိမိဖုန်းထဲက Info တွေ အကုန်နီးပါးလောက် ယူထားရပါမည်။
1 . မိမိဖုန်းရဲ့ မော်ဒယ်နံပတ်
2. မိမိဖုန်းရဲ့ Memory GB ဘယ်လောက်ပါသလဲ။
3. မိမိဖုန်းရဲ့ ကာလာအရောင်
4. မိမိဖုန်းရဲ့ IMEI No
5. Xiaomi Charger တစ်ခုခု
6. Xiaomi Account ကျနေတဲ့ နေရာမှာ Unlock Code Number လိုပါသည်။
ဒါလေးတွေ သိထားရပါမည်။
နံပတ် ၁ ၊ ၂ ၊ ၃ ကိုတော့ မိမိကိုယ်တိုင် သိထားရပါမည်။ မသိရင် customer ကို မေးပါ။

နံပတ် ၄ ကို မသိပါက နောက်အဖုံးကို ခွာလိုက်ပါ။ နောက်ဖုံးရဲ့ သံပြားပေါ်မှာ IMEI No ရေးထားပါသည်။
မြှားလေးနဲ့ ၀ိုင်းပြထားတဲ့ နေရာကို ကြည့်လိုက်ပါ။

နံပတ် ၅ ကတော့ Xiaomi Charger တစ်ခုခုကို ဓါတ်ပုံရိုက်ထားပေးပါ။ သူမေးရင် ဖြေပေးလို့ ရအောင်လို့ပါ။

နံပတ် ၆ အတွက် Unlock Code Number မပေါ်ပါက ဒီလိုလေး လုပ်ပေးလိုက်ပါ။ ပေါ်လာပါလိမ့်မည်။
သော့ပုံစံလေးကို ၁၀ချက်လောက် နှိပ်ပေးလိုက်ပါ။
 

 ဒါဆိုရင် အောက်မှာ ပေါ်လာပါလိမ့်မည်။ အဲ့ဒီ ပေါ်နေတဲ့ ပုံစံလေးကို ဓါတ်ပုံရိုက်ပြီး ယူထားပေးပါ။


နံပတ် ၄ IMEI No ကို တစ်ခါတစ်လေမှာ သံပြားပေါ်မှာ မရှိရင် Bypass Persist နဲ့ ကျော်ပြီး အဲထဲထဲကို ၀င်ကြည့်ပေးရပါသည်။ ဒါဆိုရင် နံပတ် ၁ ၊ ၂ ၊ ၃ ၊ ၄ ကို အစဉ်လိုက် သိရမည် ဖြစ်ပါသည်။

Bypass Persist မသုံးခင်တော့ နံပတ် ၆ Unlock code number ကို ကြိုတင်ယူထားပါ။ ပြီးတော့မှ Bypass Persist ကို အသုံးပြုပေးပါ။


ဒါဆိုရင် Part 1 ကို နားလည်မည် ထင်ပါသည်။ မကြာမှီ Part 2 လာပါမည်။